My:Tasking Manager

From OpenStreetMap Wiki
Jump to navigation Jump to search

The Tasking Manager ဆိုတာက OpenStreetMap ပေါ်မှာ မြေပုံတွေရေးဆွဲဖို့ လုပ်အားပေးတွေ၊ အဖွဲ့အစည်းတွေ၊ လူအုပ်စုတွေက ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့ရာအတွက် အသုံးပြုကြပါတယ်။ ကနေဦးစက Humanitarian OSM Team (HOT) အဖွဲ့အတွက် ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဆိုပေမဲ့ ဒီနောက်ပိုင်းမှာတော့ နေရာပေါင်းစုံက လူမှုအသိုက်အဝန်းပေါင်းစုံ၊ စုဖွဲ့မှုမျိုးစုံက ဒီကိရိယာလေးကိုအသုံးပြုနေကြပါပြီ။ ဒါလေးအသုံးပြုဖို့ရည်ရွယ်တာက မြေပုံကြီးတစ်ပုံဆွဲဖို့ လိုအပ်တဲ့ဧရိယာတစ်ခုလုံးကို တစ်ဦးချင်းစီးတာဝန်ယူဆွဲနိုင်တဲ့ အကွက်ငယ်တွေခွဲပြီး လုပ်ငန်းတွေပိုမြန်ဆန်ပြီးစီးအောင်ဆောင်ရွက်နိုင်ဖို့သုံးပါတယ်။ ဘယ်နေရာတွေကို မြေပုံဆွဲပြီးဆုံးကြောင်း၊ ဘယ်နေရာတွေက စစ်ဆေးအတည်ပြိုဖို့ လိုအပ်နေသေးကြောင်း ဒီကိရိယာလေးက အထောက်အကူပြုဖော်ပြပေးပါတယ်။ ဒီနည်းလမ်းနဲ့ မြေပုံဆွဲမဲ့သူတွေဆီကို တာ‌ဝန်တွေခွဲဝေချထားနိုင်ပါတယ်။ ပြီးစီးဆောင်ရွက်မှုအခြေအနေရဲ့ တိုးတက်မှုအခြေအနေ၊ လုပ်ငန်းရှင်းလင်းပြတ်သားမှုတို့ကိုလည်း ဒီနည်းလမ်းကို အထောက်အကူပြု သုံးကြတယ်။

ဒီကိရိယာလေးကို HOT Tasking Manager ထဲဝင်ဖို့နဲ့ မြေပုံတွေစဆွဲဖို့အတွက် တခါတည်းအသုံးပြုနိုင်တယ်။ HOT Tasking Manager Organizations ဆိုတဲ့ ဝက်ဘ်စာမျက်နှာမှာ လက်ရှိ tasks တွေကို ဘယ်အဖွဲ့ကလုပ်ဆောင်နေတယ်ဆိုတာကြည့်လို့ရပါတယ်။

Tasking Manager ကို ဘယ်လိုအသုံးပြုရလဲဆိုတာကို LearnOSM မှာဖတ်လို့ရပါတယ်။ Tasking Manager မှာ ပရောဂျက်တစ်ခုလုပ်ပြီဆိုရင် နဂိုပြသထားပေးတဲ့ လမ်း၊ အဆောက်အဦ၊ ရေလမ်းကြောင်းတွေနဲ့ဆိုင်တဲ့ tagging တွေကို စစ်ဆေးပေးဖို့လိုပါတယ်။

The Tasking Manager က free and open source software တစ်ခုဖြစ်ပြီးတော့ တက်ကြွစွာပါနေတဲ့အသိုင်းအဝန်းကသူတွေက ထိန်းသိမ်းတာနဲ့ ဆက်လက်တိုးတက်အောင်လုပ်တာတွေကိုလုပ်ပါတယ်။ Github ‌ပေါ်မှာတင်ထားတဲ့ source code က https://github.com/hotosm/tasking-manager ဖြစ်ပြီတော့ သိချင်တာရှိရင် ပြီးတော့ အမှားပါတာတွေရှိရင် အဲ့ကနေဆက်သွယ်နိုင်ပါတယ်။